(Computer Programming Music) ကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းတို့အတွက် ....
ကွန်ပြူတာဆော့ဝဲကိုအသုံးပြုပြီး ကိုယ်ပိုင်သံစဉ်သီချင်းတစ်ပုဒ် ဖန်တီးတော့မယ်ဆိုရင်
ဒီကောင်လေးကိုလဲဆောင်ထားရမယ်ဗျ ..ဘာဖြစ်လို့လဲဆိုတော့ ..
ဥပမာ ..ပေါ့ဗျာ...
FLstudio ဆော့ဝဲကိုအသုံးပြုပြီး သီချင်းရဲ့အတီးပိုင်းကို တီးပြီးသွားပြီဆိုပါစို့
ကျန်တဲ့ (Vocal) အဆိုပိုင်းကို ထည့်သွင်းတော့မယ်ဆိုရင် ဒီ Ashampoo ဆော့ဝဲလေး
ကိုအသုံးပြုပြီး အဆိုပိုင်းကို အသံသွင်း ပြီးတော့ တည်းဖြတ် လိုချင်တဲ့အသံ Effect တွေ
ထည့် .. အားလုံးစိတ်တိုင်းကျပြီဆိုမှ အဲဒီ့အသံဖိုင်ကိုယူပြီး FLstudio ဆော့ဝဲထဲမှာ
သွားရောက်ပေါင်းစပ်အသုံးပြုမယ်ဆိုရင် လွယ်ကူမြန်ဆန်ပြီးအဆင်ပြေတယ်ဗျ ..
ဒီနေရာမှာမေးစရာတစ်ခုရှိတာက ...FLstudio မှာရော အဆို(Vocal) အပိုင်းကို
ဟုတ်ကဲ့ ..ရပါတယ်..ဒါပေမဲ့နည်းနည်းရှုပ်တယ် ..ကျွန်တော်စမ်းပြီးသွားပြီ ..
ဒီ Ashampoo ဆော့ဝဲလေးနဲ့ဆိုရင်ပိုပြီးလွယ်ကူအောင်ဆိုတဲ့ စေတနာလေးနဲ့ပါ ..ဟီး
နောက်ပြီး ဒီကောင်လေးမှာဒီ့ထက်ပိုတဲ့ Fuction တွေရှိသေးတယ်ဗျ ....အဲတာတွေကတော့ ..
ကျနော်တို့ ဒီကောင်လေးကို ဘာအတွက် အဓိကသုံးလဲဆိုတော့ MP3 သီချင်းဖိုင်တွေကို လိုသလို ပြုလုပ်နိုင်ဖို့အတွက် ဒီကောင်လေးက အသုံးဝင်ပါတယ်..။ MP3 သီချင်းတွေ ဖြတ်၊ဆက် လုပ်တာ၊ Fade-in/out နဲ့ Effect တွေ ထည့်တာ၊ မိမိနားမထောင်လိုတဲ့ သီချင်းအပိုင်းလေးကိုပဲ အသံမလာအောင်၊ တိုးနေအောင် ပြုလုပ်တာ၊ သီချင်းတွေ တပုဒ်နဲ့ တပုဒ်ကို ရောမွှေတာ၊ စတဲ့ Features တွေအပြင် အခွေပါ တခါတည်း Burn လို့ရသလို Cover ဒီဇိုင်းတွေနဲ့ Recording အသံဖမ်းဖို့အတွက်ပါ အသုံးဝင်ပါတယ်..။ နောက်ပြီး Video ဖိုင်ကနေ တခါတည်း mp3, wma, ogg, wav, flac စတဲ့ ဖေါ်မတ်တွေကိုပါ ပြောင်းယူလို့ ရပါသေးတယ်..။ အသုံးဝင်တာတွေ များလွန်းနေတဲ့အတွက်၊ ကျနော်ကတော့ ဒီကောင်လေးကို Video ဖိုင်ကနေ mp3 ပြောင်းတဲ့အခါမှာ မလိုချင်တဲ့ အသံနေရာလေးကို ဖျောက်ထား၊ ပျောက်နေအောင် ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ တခြား Features တွေကိုတော့ မိမိကိုယ်တိုင်ပဲ လေ့လာ စမ်းသုံးကြည့်ပါ..။
Ashampoo Music Studio 4.1.0.16 Final ဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေး ထည့်ပေးထားပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အဲ့ဒီ crack ဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။(ဒီဆော့ဝဲလေးအတွက် ဆရာလွင်မင်းဗိုလ်ကို
အထူးကျေးဇူးတင်ရှိပါတယ်)
ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 39 MB ရှိပါတယ်..။
Download ယူရန် ...
(သို့မဟုတ်)
Install ထည့်တဲ့အခါမှာ အောက်ကပုံအတိုင်း Update ပိတ်ပြီး၊ အမှန်ခြစ်ဖြုတ်ပြီး ထည့်ပါ..။
ပြီးသွားရင်တော့ အမှန်ခြစ်ဖြုတ်ပြီးမှ Finish ပေးပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း crack ဖိုင်လေးကို Install ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။
ကျနော်တို့ ဒီကောင်လေးကို ပြန်ဖွင့်သုံးတဲ့အခါမှာ အောက်ကပုံအတိုင်း မိမိတို့ အသုံးပြုလိုတဲ့ နေရာကို ကလစ်ပြီး သုံးနိုင်ပါတယ်..။ ကျနော်ကတော့ ညာလက်အစွန်ဆုံးက ပုံလေးကို ကလစ်ပြီး အသုံးပြုပြထားပါတယ်..။
အပေါ်မျှားပြထားတဲ့ နေရာကို နှိပ်ပြီး Video ကို သွားယူလိုက်ပါတယ်..။ အောက်ကပုံအတိုင်းပါ..။
အပေါ်မျှားပြထားတဲ့ နေရာကို နှိပ်ပြီး Video ကို သွားယူလိုက်ပါတယ်..။ အောက်ကပုံအတိုင်းပါ..။
အပေါ်နဲ့ အောက်ကပုံတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရင် ပြုပြင်ထားတဲ့ MP3 သီချင်းတပုဒ်ကို ရရှိပါပြီ..။
တခြား အသုံးဝင်တာတွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပေးပါ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။
(ဒီဆော့ဝဲလေးအတွက် ဆရာလွင်မင်းဗိုလ်ကို
အထူးကျေးဇူးတင်ရှိပါတယ်)
ဇော်ကိုကိုထက်
P.s
အဆင်မပြေတာရှိခဲ့ရင် C-Box မှာအော်သွားခဲ့ကြပါနော် သယ်ရင်းတို့ ..
P.s
အဆင်မပြေတာရှိခဲ့ရင် C-Box မှာအော်သွားခဲ့ကြပါနော် သယ်ရင်းတို့ ..
















No comments:
Post a Comment