FL Studio 10 ဆော့ဝဲအတွက် လေ့ကျင့်ခန်း (၁)
ကဲ..FL Studio 10ဆော့ဝဲ ကိုလေ့လာနေတဲ့သူငယ်ချင်းများ
ကျွန်တော်တင်ပေးခဲ့တဲ့ စာအုပ်လေးကိုလေ့လာပြီးသွားပြီဆိုရင်
ဒီ့ထက်ပိုပြီးလက်တွေ့ကျတဲ့ သံစဉ်ဖန်တီးမှု့တွေကို
Vedio ဖိုင်လေးတွေနဲ့လေ့လာကြရအောင်
အမှတ်စဉ် (၁) မှ(၁၅) အထိနေ့စဉ်တင်ဆက်ပေးသွားမှာပါ....(အားပေးကြမယ်ဆိုရင်ပေါ့ ..ဟီး)
တကယ်တော့အမှန်အတိုင်းပြောရရင် သိပ်တော့အားမရှိဘူးဗျ
ဘာဖြစ်လို့လဲဆိုတာ့ Online ပေါ်မှာ တစ်ခြားနည်းပညာကိုစိတ်ဝင်စား
သူတွေများတယ်ဗျ Music ကိုသိပ်ပြီးစိတ်မဝင်စားကြဘူး
ဒါပေမယ့် 100 မှာ 1 ယောက်ဆိုသလိုပေါ့ဗျာ ကျွန်တော့်ရဲ့ ဒီ Music လေးအကြောင်း
တစ်ယောက်လောက် စိတ်ဝင်စားတယ်ဆိုရင် ....သေပျော်ပီဗျာ ....
ကျွန်တော်က အစက Drum Player သမားတစ်ယောက်ပါ
ထိုင်းနိုင်ငံကို (1990) မှာရောက်ပါတယ် ထိုင်းမှာနေတုန်း Show တွေလဲအတော်အသင့်
တီးခဲ့ရပါတယ်(ဥပမာ ..သကြန်၊New year.စသည်ဖြင့်ပေါ့ဗျာ)
ဒါပေမယ့် 2010 လောက်စပြီး Show တွေလိုက်ပြီးမတီးချင်တော့ဘူး ...
(ဒီက အခြား Player တွေနဲ့ အဆင်မပြေတာလဲပါတယ်ဗျ ..ကျွန်တော်က Music ကို
စင်ပေါ်မှာတီးရရင်ပီးရောမလုပ်ချင်ဘူး ..ရသမြောက်အောင်ဖန်တီးချင်တယ်)
Show တွေမတီးတော့ဘူးဆိုပီး တစ်ကောင်တည်းခွဲထွက်ခဲ့ရတော့
ယောင်ချာချာနဲ့အထီးကျန်တာပေါ့ဗျာ(အမမှမရှိတာကိုး ..ဟီး )
တစ်ယောက်ထဲပဲ ဒါပေမဲ့ Music ကိုလဲမစွန့်နိုင်ဘူး ...
ဘာလုပ်ရင်ကောင်းမလဲစဉ်းစားလိုက်တာ(6) လလောက်ကြာသွားတယ် ....
အဲဒီမှာ စတွေ့တာပဲ FL Studio 10 နဲ့ပေါ့ ...(ဆော့ဝဲကို ဆရာလွင်မင်းဗိုလ် ဆီကရတာပါ)
တီးခတ်သူ Player သမားများမလိုအပ်ပဲ သီချင်းတစ်ပုဒ်လုံးကို
ကွန်ပြူတာတစ်လုံးရှိရုံမျှဖြင့် မိမိကိုယ်တိုင် တီးခတ်၊အသံသွင်း၊ဖန်တီးခြင်း
(Pro music)အကြောင်းနှင့်ပတ်သက်ပြီး စမ်းသပ်လေ့လာသိခွင့်ရတဲ့
နေ့ကစလို့ကျွန်တော်အထီးမကျန်တော့ဘူး ....
ကျွန်တော်ဖန်တီးချင်တဲ့ Music တွေကိုစိတ်ကြိုက်ဖန်တီးလို့ရပြီလေ.....
ခင်ဗျားရော ..ကျွန်တော့လို ရှုးသွပ်ခဲ့မယ်ဆိုရင် FL Studio ဆော့ဝဲဟာ
ခင်ဗျားအတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်လာမှာပါ.....
FL Studio ဆော့ဝဲကို ဒီမှာ သွားယူလို့ရပါတယ်
No comments:
Post a Comment